အလုံ ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် သမဝါသမအသင်းများ ဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမှာ ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် အလုံမြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချယ်ရီအေးက အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ တက်ရောက်လာသူများက မြို့နယ် သမဝါယမအသင်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအကြောင်းကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းသို့ အလုံမြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချယ်ရီအေးနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ၊ အခြေခံသမဝါယမအသင်း များမှ အသင်းဥက္ကဋ္ဌကြီးများတက်ရောက်ခဲ့ပြီး အလုံမြို့နယ်တွင် အခြေခံသမဝါယမအသင်း (၃၇) သင်းရှိကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)