ဒဂုံမြောက် ဇူလိုင် ၁၃
မိုးတွင်းကာလတွင် အဖြစ်များတတ်သော ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ခြင်မှဖြစ်ပွားတတ်သောရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အတွင်းရှိ (၃၉)ရပ်ကွက်၊ အမက(၁၉)ကျောင်းနှင့် (၂၈)ရပ်ကွက်၊ အောင်ရတနာလမ်း တို့တွင် ယမန်နေ့ နံနက်ပိုင်းက ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများအား ရပ်ကွက်အတွင်းရှိ အုပ်ချုပ်ရေးမှုးနှင့် တာဝန်ရှိသူများ၊ ပရဟိတများမှ ကျောင်းပတ်ဝန်းကျင်နှင့် ရပ်ကွက်အတွင်းလမ်းတစ်လျောက် ရပ်ကွက်နေ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ခြင်မှဖြစ်ပွားနိုင်သော ရောဂါများမဖြစ်ပွားစေရန် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
မြင့်မြင့်ရီ