အမြို့မြို့အနယ်နယ်သတင်းများ

Jul 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊   နောင်ချိုမြို့နယ် အထက(ခွဲ) နမ့်ဆောင်ဟူးကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် အကြိုဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 14,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင်  အသက်(၁၈)နှစ်အထက် ပြည်သူများကို ယနေ့နံနက်ပိုင်းက   မြို့မရပ်ကွက်ရှိ ဘုန်းကြီးကျောင်း၌  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharmနှင့် Covishield) တတိယအကြိမ်
Jul 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ၂၀၂၂ ခုနှစ် ဇူလိုင်လ ပထမလဝက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းအချိန်က ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင် (၂) ဦးသန်းဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြသည်။
Jul 14,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မင်းလှမြို့နယ်ဘဏ်ခွဲမှ အချိန်စေ့လွန် ကြွေးဟောင်းကြွေးကျန်များ ပိုမိုကောက်ခံရရှိရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ချေးငွေ စိစစ်ရေးအဖွဲ့နှင့် တောင်သူလယ်သမားများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့သည်။
Jul 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိစေရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ Book Club၊ Youth Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းစာအုပ်အား ယမန်နေ့ နေ့လယ် (၃) နာရီအချိန်က သံ‌တောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်  Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့တွင် ရဟန်းသံဃာရှင်သူမြတ်များအား စုပေါင်းဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ခရမ်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီခန့်က ကျင်းပခဲ့ကြောင်းသိရှိရသည်။
Jul 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ရင်ဆိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jul 14,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊​​ မော်ချီး​တောင်​ပေါ်​ရွာတွင်​ကျောင်းသား/သူမျာ းကျန်းမာစွာဖြင့် ပညာသင်ကြားနိုင်ရန်၊ ကိုဗစ်-၁၉​ရောဂါ ကွင်းဆက်ပြတ်​တောက်နိုင်ရန်နှင့်​ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယမန်​​နေ့က အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးများကို​ မော်ချီး​တောင်​ပေါ်ရွာ အ​ခြေခံပညာ​အထက်တန်းကျောင်းတွင် ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။