ပဲခူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ၌ မိုးရာသီစိုက်ပျိုးရေး ချေးငွေများ ထုတ်ချေး

ပဲခူး ဇူလိုင် ၁၃

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပဲခူးခရိုင်ဘဏ်ခွဲသည် ပဲခူးမြို့ နယ်အတွင်းရှိ အချိန်စေ့ချေးငွေပြေကျေပြီးသည့် လယ်သမားများသို့ (၁၈-၅-၂၀၂၂) နေ့မှစတင်၍ ၂၀၂၂-မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ (၁၁-၇-၂၀၂၂) ရပ်ကွက်/ ကျေးရွာအုပ်စု (၃၅) အုပ်စုမှ လယ်သမား (၁၅၅၄) ဦးသို့ (၁၀၇၈၁) ဧကအတွက် ချေးငွေပေါင်း (၁၆၁၇၁.၅၀) သိန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပဲခူးခရိုင်ဘဏ်ခွဲအနေဖြင့် အချိန်စေ့ချေးငွေပြေကျေသည့် လယ်သမားများသို့ ဆက်လက်ထုတ်ချေးပေးလျက်ရှိပြီး ရပ်ကွက် / ကျေးရွာအုပ်စု (၉၀) မှ လယ်မြေ (၄၃၈၆၀) ဧက အတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေါင်း (၆၅၇၉၀.၀၀) သိန်းကို စက်တင်ဘာလကုန်ထိ ထုတ်ချေးပေးရန်လျာထားကြောင်း ခရိုင်မန်နေဂျာထံမှ သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)