အမြို့မြို့အနယ်နယ်သတင်းများ

Jul 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 11,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မိုးသီးနှံစိုက်ပျိုးမည့်တောင်သူများ စိုက်ပျိုးရန် ယာမြေပြုပြင် ထွန်ယက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ဟိုခုံဘုန်းကြီးကျောင်း၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)တွင် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Jul 11,2022
အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မိုးစပါးစိုက်ဧက(၁၀၀၃၇၄)ဧကအထိ စိုက်ပျိုးထားကြောင်းသိရသည်။
Jul 11,2022
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ နမ့်ခမ်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲကို ယနေ့ မွန်းလွှဲ(၁:၀၀) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 11,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ ယမန်နေ့က ဘုတ်သိုးကျေးရွာတွင် ကွင်းဆင်း၍ ဒေသခံတောင်သူများထံ အရောက် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
Jul 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား