ကျောက်ဆည် ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အရှေငယ်တိုး ကျေးရွာ၌ သောက်သုံးရေ ဖူလုံစွာရရှိရေး စက်ရေတွင်း၊ ရေစက်ရုံ၊ စင်မြင့်ရေစင်နှင့် ရေပိုက်သွယ်တန်းများ ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။
ရေပေးဝေရေးလုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ် (၃၄.၆၇၇) သန်းအကုန်အကျခံကာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ အနက်(၅၀၀)ပေ၊ အကျယ်(၄)လက်မ စက်ရေတွင်း(၁)တွင်း၊ အလျား(၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၇)ပေ ရေစက်ရုံနှင့်တွဲလျက် ရေဂါလံ (၂၄၀၀) ဆံ့ စင်မြင့်ရေစင်(၁)စင်၊ အကျယ် (၂) လက်မ၊ အရှည် (၅၂၈၀) ပေ PVC ပိုက်သွယ်တန်းပေးခြင်းများဖြစ်ပြီး လုပ်ငန်းများသတ်မှတ် ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဒေါ်ဌေးဌေးရီ ဦးစီးအရာရှိ (နည်းပညာ) တို့က ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ရေစက်ရုံနှင့် စင်မြင့်ရေစင်ဆောင်ရွက်ပြီးစီးသွားပါက အရှေ့ငယ်တိုးကျေးရွာမှ အိမ်ခြေ (၆၇၅) အိမ်၊ လူဦးရေ (၃၂၁၉) ဦးနှင့် ကျွဲ၊ နွားတိရိစ္ဆာန်များအတွက် သောက်သုံးရေများ ဖူလုံစွာဖြင့် ရာသီမရွေး သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်