အမြို့မြို့အနယ်နယ်သတင်းများ

Jul 21,2022
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
Jul 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် မြို့ကွင်းကျေးရွာအုပ်စု မြို့ကွင်းကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီက  ၂၀၂၂ ခုနှစ်  မိုးစပါး (ရေတော်မိုးတော်) စိုက်ပျိူးပြီစီးခြင်း ထွန်တုံးပိတ်  သရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားကို တောင်သူ ဦးစန်းလွင်၏ လယ်ယာမြေတွင်  ပြုလုပ်ခဲ့သည်။
Jul 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊  ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကို ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီး(၆)လပြည့်ပြီးသော အသက်(၁၈)နှစ်အထက် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအားထိုးနှံပေးလျက်ရှိရာ
Jul 21,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေ ဦးဆောင်မှုဖြင့် တပ်ကုန်းမြို့နယ် ဆီကုန်သည်အသင်းဝင် ဦးသူရဇော်ဇော် (ဦးကြည်ဝင်း)ကုန်စုံဆီဆိုင်မှ အနော်ရထာရပ်ကွက်အတွင်းရှိ ပြည်သူများအား မီးဖိုချောင်းသုံး စားသုံးဆီစျေးနှုန်းသက်သာစွာဝယ်ယူနိုင်​ရေး ယနေ့နံနက် ၈ နာရီက အဆိုပါရပ်ကွက်၊ အောင်သီဟလမ်းနှင့် သုခမိန်လမ်းဆုံ တွင် ရောင်းချပေးခဲ့သည်။
Jul 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Jul 21,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် အိမ်ထောင်စုစာရင်းများအား e-ID စနစ် ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ဖြည့်သွင်းလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင် နှင့်အဖွဲ့မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jul 21,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး ပရဝုဏ်အတွင်းရှိ သာသနာ ၂၅၀၀ ဗိမာန်တော်တွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ခန့်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Jul 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၉)နာရီက လယ်လှကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ပြုလုပ်ခဲ့သည်။