ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ဟားခါး ဇူလိုင် ၂၁

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

ရှေးဦးစွာ ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန် ကြီးချုပ် ဦးငွန်ဆန်းအောင်က ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု ခံယူ ခြင်းဖြင့် ကိုဗစ်−၁၉ ရောဂါကြောင့် သေဆုံးရမှုကို (၇)ဆခန့်အထိ လျှော့ချနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည့်အတွက် လူတိုင်းစေ့ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံထားရှိရန် လိုအပ် လျက်ရှိရာ ဦးတည်အုပ်စုများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး အရှိန် အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအပါအဝင် ပြည်သူ များအား ပါးစပ်နှင့် နှာခေါင်းစည်းအား မဖြစ်မနေတပ်ဆင်စေရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့် အညီ လိုက်နာစေရေးကြပ်မတ် ဆောင်ရွက်ရန်နှင့် တစ်ဖက်နိုင်ငံ နှင့် နီးစပ် သည့် နယ်စပ်ဒေသများတွင် ကိုဗစ်-၁၉ စစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်ရန် လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ဆက်လက်၍ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်က ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များကိုလည်းကောင်း၊ ချင်းပြည်နယ်အစိုးရရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းသိန်းက ကိုဗစ်-၁၉ အသုံးစရိတ်များနှင့် ပတ်သက်၍ ရန်ပုံငွေရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်း များကို လည်းကောင်း၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဒေါက်တာ ရန်နိုင်က ချင်းပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်မှုအခြေအနေ၊ ၁၈−၇−၂၀၂၂ ရက်နေ့အထိ ချင်းပြည်နယ်အတွင်း အသက် (၁၈)နှစ်အထက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထိနှင့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုနှင့် မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန် ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံမည့် အစီအမံများနှင့် လုပ်ငန်းလိုအပ်ချက်များ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထိုနောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ကိုဗစ်−၁၉ ရောဂါ ကာကွယ်တားဆီး ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ယခင်ဆောင်ရွက်ထားရှိသည့် လမ်းညွှန်ချက်များအတိုင်း ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီများသို့ အကြောင်းကြား ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်မှု အခြေအနေများအား ပြန်လည်တင်ပြနိုင်စေရေး၊ စာရင်းဇယားများ စနစ်တကျပြုစုရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လက်ကျန်များအနက် သက်တမ်းကုန်ဆုံးရန် နီးကပ် သည့် ကာကွယ်ဆေး လက်ကျန်များအား ဆေးအမျိုးအစားအလိုက် (၂)လခန့် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီသို့ ကြိုတင်တင်ပြစေရေးတို့နှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး Omicron နှင့် ၎င်း၏ မျိုးစိတ်သစ်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးပြီးနောက် ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်အမြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်နယ် ဝန်ကြီးချုပ်က  နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အနောက် မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများက အိမ်ထောင်စုအချက်အလက်များ e-ID စနစ်အတွင်း ဖြည့်သွင်းဆောင်ရွက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးရာ ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်