အမြို့မြို့အနယ်နယ်သတင်းများ

Jul 21,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌  အငြိမ်းစားများ၏ပင်စင် လစာငွေများကို ယနေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းနှင့်အညီ ပင်စင် လစာငွေထုတ်ပေး လျက်ရှိသည်။
Jul 21,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ၂၀၂၂  ခုနှစ် မိုးစပါးရာသီ တစ်ဧက တင်း(၁၀၀) နှုန်းထွက်ရှိရေး ဧက(၁၀၀)စံပြကွက်ရှိတောင်သူများအား ပြည်ထောင်စုအစီအစဉ်ဖြင့် ကွန်ပေါင်းဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲသို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ တက်ရောက်၍ ကျောင်းကုန်းမြို့ နယ်၊၊ ကောက်ကြီးကုန်းအုပ်စု၊ ကောက်ကြီးကုန်းကျေးရွာတွင် ယနေ့နံနက် ၉:၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Jul 21,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလာရောင်စဉ် (Women Empowerment&Gender Equality)တို့ပူးပေါင်း၍ စိတ်ပိုင်းဆိုင်ရာထောက်ပံ့ကူညီမှုအသိပညာပေးသင်တန်းကို
Jul 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးတိုင်းပညာရေးကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါမှ ကင်းဝေးပြီး  ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂) နှစ်ထိအခြေခံပညာ ကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လှည်းကူးမြို့နယ် ဝါးနက်ကုန်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် အမှတ်(၁၀၁၁) နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ခေတ္တနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးအောင်ခိုင်ဝင်း ဦးစီး၍ နည်လှည့်ဆေးကုသရေးအဖွဲ့ သူနာပြုအရာရှိ ဗိုလ်ကြီးထိန်လင်းဝင်း ဦးဆောင်သောအဖွဲ့သည် မိုင်းငေါ့မြို့ပေါ်ရှိ ပြည်သူများနှင့် အနီးဝန်ကျင်ကျေးရွာများရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ ဆေးကုသမှုကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Jul 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကိုဗစ်-၁၉ “အိုမီခရွန် ဗီဇပြောင်း မျိုးကွဲ BA4, BA5” ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်း များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို ယမန်နေ့ ညနေပိုင်းက မြို့မရပ်ကွက်(၁)လမ်းနှင့် ဘူတာဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။
Jul 21,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ကို​ဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်​ ဆောင်ရွက်​ပေးလျက်ရှိရာ ယ​မန်နေ့နံနက် ၉ နာရီက အလုံမြို့နယ်ခန်းမ၌ အသက် ၁၈နှစ်နှင့်အထက် ပြည်သူ ၂၀၄ ဦးအား ထပ်​ဆောင်း ကိုဗစ်-၁၉ ကာကွယ်​ဆေး(Booster) ထိုး​နှံ​​ပေး​ကြောင်း သိရသည်။