ဟင်္သာတ ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် မြို့ကွင်းကျေးရွာအုပ်စု မြို့ကွင်းကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီက ၂၀၂၂ ခုနှစ် မိုးစပါး (ရေတော်မိုးတော်) စိုက်ပျိူးပြီစီးခြင်း ထွန်တုံးပိတ် သရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားကို တောင်သူ ဦးစန်းလွင်၏ လယ်ယာမြေတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှူး ဦးမျိုးမင်းလွင်ဦးက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စက်မှုလယ်ယာဦးစီးမှူးက ကောက်စိုက်စက် အသုံးပြုနည်းများနှင့် စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသော တောင်သူများက သိရှိလိုသော အချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး လက်တွေ့စိုက်ပျိုး သရုပ်ပြသပေးခဲ့ကြသည်။
အဆိုပါ ထွန်တုံးပိတ် စိုက်ပျိုးသရုပ်ပြ အခမ်းအနားသို့ ဟင်္သာတခရိုင် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုဇော် - ဟင်္သာတ