တောင်ကုတ် ဇူလိုင် ၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် အိမ်ထောင်စုစာရင်းများအား e-ID စနစ် ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ဖြည့်သွင်းလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင် နှင့်အဖွဲ့မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရည်သန့်နှင့် မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးတို့မှ တောင်ကုတ်မြို့နယ်အတွင်း အိမ်ထောင်စု စာရင်းများအား e-ID စနစ်ဖြင့် Server အတွင်းဖြည့်သွင်းနေမှုများကို ရှင်းလင်းတင်ပြရာ ခရိုင်အုပ်ချုပ်ရေးမှူးမှ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။
အိမ်ထောင်စုစာရင်းများအား e-ID စနစ်ဖြင့် ဖြည့်သွင်းရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင် ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်