အမြို့မြို့အနယ်နယ်သတင်းများ

Jul 21,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ပြုလုပ်သည်။
Jul 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် မျိုးဆက်သစ် လူငယ်မောင်မယ်များ  အသိပညာဗဟုသုတတိုးပွားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်၊ အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
Jul 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ လှော်ကားဝန်းအတွင်းရှိ ငါးလုပ်ငန်းစခန်းတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညောင်နှစ်ပင်ဇုန်နှင့် ဒေသတွင်းငါးမွေးတောင်သူများအား အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်းသင်တန်းနှင့် ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ် သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးသီးနှံ နေကြာစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Jul 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ (၂၃)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ(ခရိုင်အဆင့်) ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ အကြိုကပြဖျော်ဖြေခြင်းနှင့် အလှူငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Jul 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ရတနာ(၃)လမ်းနှင့် ကြံတိုင်းအောင်(၄)လမ်းကြားရှိ ဇမ္ဗူဒီပရတနာကျောင်းတိုက်တွင် ဦးဆောင်ဆရာတော် ဘဒ္ဒန္တအသျှင်တေဇ (မိဘဂုဏ်ရည်) ကြီးမှူး၍ တည်ထောင်ဖွင့်လှစ်ထားသည့် သုခဝေဖြာ ပရဟိဖောင်ဒေးရှင်းသည် ဝါဆိုလပြည့်နေ့မှစတင်၍  ယောဂီနွယ်ဝင် သူတော်စင်အပေါင်းတို့အား တတိယအကြိမ်မြောက် မိုးကုတ်ဝိပဿနာ ဝါတွင်းရက်(၁၀၀)
Jul 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာများကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍ ပုံမှန်ထုတ်ပေးလျက်ပေးလျက်ရှိသည်။
Jul 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာဆွေးနွေးပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က စာပေ ဆွေးနွေးခဲ့ကြောင်း သိရသည်။