ဟိုပန် ဇူလိုင် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကို ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီး(၆)လပြည့်ပြီးသော အသက်(၁၈)နှစ်အထက် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအားထိုးနှံပေးလျက်ရှိရာ ယနေ့အထိ (၅၆၈၇)ဉီး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဉီးရဲဝင်းထိုက် ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သည့်ဆေးထိုး အဖွဲ့က ဆေးလာရောက်ထိုးနှံသည့် ပြည်သူများကို စာရင်းအချက်အလက်များကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဇင်ဇင်(ပြန်/ဆက်)