အမြို့မြို့အနယ်နယ်သတင်းများ

Jul 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၉)နာရီက လယ်လှကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ပြုလုပ်ခဲ့သည်။
Jul 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်၊ နေလသုခဓမ္မာရုံ(ဗြဟ္မဝိဟာရ) လေးထပ်ဆောင်ခန်းမတွင် ယမန်နေ့နေ့မွန်းတည့် (၁၂)နာရီအချိန်က နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော (၆၅)ကြိမ်မြောက်  မြို့နယ်အဆင့်ဝိနည်းစာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community center)ခန်းမတွင် ယမန်နေ့မွန်းတည့်(၁၂)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Jul 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူဦးရေတစ်သိန်းကျော် နေထိုင်ကြပြီး လူဦးရေ(၉၀) ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်‌မွေးဝမ်းကျောင်းပြုသူများဖြစ်ကြောင်း သိရသည်။
Jul 21,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ (၂၃) ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ၏ ပမာဏတင်ဆက်မှု အခမ်းအနားကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
Jul 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ် ၊ပန်စွဲကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို ့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 21,2022
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့တွင် ဇူလိုင်လိုင်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီအထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျီခါးမြို့ရှိ တွီးဖိုင်ချောင်း ရေလျှံမှုဖြစ်ပွားကာ ချောင်းပတ်ဝန်းကျင်ရှိ လယ်ယာမြေများ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။