Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေကျင်မြို့တွင် လူကုန်ကူးမှုအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်
Sep 05,2022
ပပျောက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် လူကုန်ကူးမှုအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ရှမ်းကြေးရပ်ကွက် အ-ထ-က(တပ်နယ်)ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါခရိုင်/ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုတို့၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားပြုလုပ်
Sep 05,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့နံနက်ပိုင်းအချိန်က ဂန့်ဂေါခရိုင်/ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းမိသားစုတို့၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲပြုလုပ်ရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ မြို့ခင်းသာတောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဇဋိလထံမှ ငါးပါးသီလကို ခံယူဆောက်တည်၍ ဩဝါဒကထာကို နာယူကြသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သိရှိစေရန် အသိပညာပေးခြင်းဆောင်ရွက်
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ကြံခင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ရာ ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ် စည်ပင်သာယာရေး နယ်နမိတ်အပိုင် ဘက်ရဲမြို့ဈေး အတွင်း/အပြင်ရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်
Sep 05,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသ(၄)ရပ်ကွက်တွင် အေးသာယာလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းအချိန်ခန့်က စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့သတ်မှတ်ပြီး ပလပ်စတစ်မသုံးစွဲရေး ကြပ်မတ်စစ်ဆေး
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ အင်္ဂပူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ဈေးများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နံနက်ပိုင်းက အင်္ဂပူမြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မဈေးနှင့် မဲဇလီကုန်း၊ ထူးကြီး၊ ကွင်းကောက်၊ ခြောက်ရွာ၊ ညောင်ကျိုးစသည့် ဈေးများ၌ ဈေးအတွင်း/အပြင် ဈေးရောင်းဈေးဝယ် ပြည်သူများအား ပလပ်စတစ် သုံးစွဲမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်
Sep 05,2022
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈နာရီအချိန်က မြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားကွင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးရာသီ ချည်မျှင်ရှည်ဝါနှင့်ဝါကြီး(၆၁၈၈)ဧကနှင့် ပဲမျိုးစုံ(၁၀၄၉)ဧက စိုက်ပျိုးထားရှိ
Sep 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ ချည်မျှင်ရှည်ဝါနှင့်ဝါကြီး စုစုပေါင်း(၆၁၈၈)ဧကနှင့် ပဲမျိုးစုံ(၁၀၄၉)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်ပြီး အသိပညာပေး
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်ချက်နှင့်အညီ လပွတ္တာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်းရှိ ဈေးများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ရာ ယမန်နေ့နံနက် (၈)နာရီချိန်က လပွတ္တာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် နန္ဒဝန်စျေး၊ ရွေးနဒီစျေး၊ အမှတ်(၁)ရပ်ကွက် ပျံကျစျေးများ၌ ဈေးအတွင်းအပြင် ဈေးရောင်းဈေးဝယ် ပြည်သူများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16323
Page
16324
Page
16325
Page
16326
Current page
16327
Page
16328
Page
16329
Page
16330
Page
16331
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department