အမြို့မြို့အနယ်နယ်သတင်းများ

Sep 05,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)အချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ် အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် စက်တင်ဘာ ၂ ရက်နေ့ နေ့လယ်ပိုင်းက ကျွဲဇင်းအုပ်စု ကျွဲဇင်းရွာကျေးရွာ ဓမ္မာရုံတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် နေ့စဥ်နံနက် ၉နာရီခွဲအချိန်မှစ၍ ထိုးနှံပေး လျက်ရှိသိရသည်။
Sep 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မိုင်းရှူးမြို့နယ် မီးသတ်စခန်း၌ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Sep 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက် ကလေးငယ်များ အာဟာရပြည့်ဝရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက်ကလေးငယ်များအတွက် (MCCT)ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မဲလရောကျေးရွာတွင် ကျေးရွာ အုပ်စုတာဝန်ရှိသူများက လက်ဝယ်အရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အဖွဲ့သည် ဟင်္သာတမြို့နယ်အတွင်းရှိ ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ ၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Sep 05,2022
တောင်သူများစိုက်ပျိုးသီးနှံအထွက်နှုန်းကောင်းစေရန်နှင့် အရည်အသွေးကောင်းမွန်သည့်မျိုးစေ့များ ရရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်အတွင်းရှိ   တောင်သူများအား  မိုးနှောင်းဝါမျိုးစေ့နှင့် အိန္ဒိယဆောင်းနေကြာ မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို  ယနေ့နံနက်(၉)နာရီက မြို့နယ်စိုက်ပျို းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
Sep 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အခြေခံပညာအထက်တန်းကျောင်းရှိ အသက် ၁၂နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ကို ယနေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။