ရွှေကျင်မြို့တွင် လူကုန်ကူးမှုအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်

ရွှေကျင် စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုပပျောက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် လူကုန်ကူးမှုအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာ‌စောင် ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ရှမ်းကြေးရပ်ကွက် အ-ထ-က(တပ်နယ်)ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ဝိုင်းစိန်က အဖွင့်အမှာစကားပြောကြားပြီး  ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သဲစုအောင်က လူကုန်ကူးမှုဖြစ်ရသည့်အကြောင်းများ၊ ကလေး၊ အမျိုးသမီးများ၊ အမျိုးသားများ လူကုန်ကူးခံရပါက ခံစားရသည့်ဒုက္ခများစသည့်အချက်များကို လူကုန်ကူးမှုအန္တရာယ်ကာကွယ်တားဆီးရေးနိုင်ရေးအတွက် အကျယ်တဝင့်‌ ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအကြောင်း၊ ကလေးအလုပ်သမားလျော့ချရေးအကြောင်း သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်ပြသခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)