အမြို့မြို့အနယ်နယ်သတင်းများ

Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်​အောင်ခရိုင်၊ မြန်​အောင်မြို့နယ်အတွင်း လုံခြုံ​ရေး၊ တရားဥပ​ဒေစိုးမိုး​ရေး၊ ရပ်ရွာ​အေးချမ်းသာယာ​ရေး၊​ ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များ ပါဝင်​သော ကွင်းဆင်းအဖွဲ့(၂) စစ်​ကြောင်းကြီး(၅)​ ကြောင်းဖြင့် စက်တင်ဘာ ၃ ရက်နေ့ နံနက်က သပြေကုန်းကျေးရွာအုပ်စုအတွင်း ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း ရှိ အနှေးယာဉ်များ၏ အရှေ့/ အနောက်တွင် စတစ်ကာစနစ်တကျ ကပ်ထားရန် စက်တင်ဘာ ၃ ရက်နေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးရုံးရှေ့တွင် အနှေးယာဉ်များအား စတစ်ကာကပ်ခြင်း အသိပညာပေးဆောင်ရွက်ခဲ့သည်။
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက် များအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် များနှင့် မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာ ကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းများကို ယနေ့ နံနက်က ​ မိခင်နှင့် ကလေး ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 05,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)အချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ် အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် စက်တင်ဘာ ၂ ရက်နေ့ နေ့လယ်ပိုင်းက ကျွဲဇင်းအုပ်စု ကျွဲဇင်းရွာကျေးရွာ ဓမ္မာရုံတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် နေ့စဥ်နံနက် ၉နာရီခွဲအချိန်မှစ၍ ထိုးနှံပေး လျက်ရှိသိရသည်။
Sep 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မိုင်းရှူးမြို့နယ် မီးသတ်စခန်း၌ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။