ဂန့်ဂေါခရိုင်/ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုတို့၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားပြုလုပ်

ဂန့်ဂေါ စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့နံနက်ပိုင်းအချိန်က ဂန့်ဂေါခရိုင်/ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းမိသားစုတို့၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲပြုလုပ်ရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ မြို့ခင်းသာတောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဇဋိလထံမှ ငါးပါးသီလကို ခံယူဆောက်တည်၍ ဩဝါဒကထာကို နာယူကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးရဲရန်ပိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေဠုသတိုးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချအမျှပေးဝေကြကာ နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)