ဟိုမိန်း စက်တင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အခြေခံပညာအထက်တန်းကျောင်းရှိ အသက် ၁၂နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ကို ယနေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား သတ်မှတ်စည်းကမ်းများအတိုင်း စိစစ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယိင်းနော်ခမ်း(ပြန်/ဆက်)