အမြို့မြို့အနယ်နယ်သတင်းများ

Sep 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၏ကြီးကြပ်မှုဖြင့် နန္ဒဝန်ဈေးအတွင်း ယနေ့နံနက်(၈:၃၀)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေးနှင့်
Sep 05,2022
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးကြပ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်ပညာနှင့်ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို ကျွမ်းကျင်စွာတတ်မြောက်စေရန်  အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာန၌ ပြုလုပ်ကြောင်း သိရသည်။
Sep 05,2022
ပျော်ဘွယ်မြို့နယ်ရှိ စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာရေးသူ မင်းသန့် (ဒဿန) ရေးသားသည့် ထီးကလေးလိုသမီးလေး စာအုပ်အားစာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အသက် (၉) နှစ်မှ (၁၀) နှစ် အထိ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများတွင် ကွင်းဆင်၍ ထိုးနှံပးလျက်ရှိကြောင်း သိရသည်။
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာအုပ်စု၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငရုတ်ကောင်း မြို့ရုံးမှ တာဝန်ရှိသူများက Door to Door စနစ်ဖြင့် အိမ်ထောင်စု စာရင်းများ ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့က သွားရောက်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Sep 05,2022
ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆန်နှင့် အခြေခံ စားသောက်ကုန် (၄)မျိုးကို (၄၀၀၀)ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် ခရိုင်၊ ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Sep 05,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ပေါ်ရှိ ရပ်ကွက်နှစ်ခုသို့  သောက်သုံးရေပိုမိုပေးနိုင်ရေးနှင့် ရေတိုင်များ တိုးချဲ့တပ်ဆင်နိုင်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၇၂ သန်းကျော်ဖြင့် ဆောင်ရွက်လျက်ရှိသော မြို့ပြရေပေးရေးလုပ်ငန်း များမှာ ၅၀ ရာခိုင်နှုန်း ပြီးစီပြီဖြစ်ကြောင်း Great Memory ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။