Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်မြို့နယ်တွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေး (၁၆၆၅)ဦး ထိုးနှံပြီးဖြစ်
Sep 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇကွဲရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲတွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(၁၆၆၅)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပလတ်စတစ်အန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ
Sep 06,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပလတ်စတစ်အန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့နယ်တွင် လူကုန်ကူးမှုပပျောက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် စာစီစာကုံး ပြိုင်ပွဲ ကျင်းပ
Sep 06,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုပပျောက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀) နာရီတွင် အ-ထ-က(တပ်နယ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ် အ.ထ.က(ခွဲ) ကျန်းမာကုန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ပြသ
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က(ခွဲ) ကျန်းမာကုန်း ကျောင်း၌ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ပြသခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် ငှက်ပျောပင်များစိုက်ပျိုးခြင်းကြောင့်မိ သားစုအပိုဝင်ငွေရရှိ
Sep 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလျက်ရှိရာ နှစ်တိုပင်ဖြစ်သော ငှက်ပျောပင်များကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြသည်။ ငှက်ပျောပင်များသည် ရာသီမရွေးအသီးသီးကာ နွေရာသီအချိန်တွင် အသီးများအနည်းငယ်သေးပြီး မိုးရာသီနှင့် ဆောင်းရာသီအချိန်တွင် အသီးများပိုကြီး ၍ အထွက်နှုန်းကောင်းသည့်အတွက် မိသားစု အပိုဝင်ငွေရရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် ရွှေစည်းခုံ (မက္ခရာ) စေတီတော်၌ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြိုနယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့နံနက် (၇) နာရီက ဧည့်ပြကျေးရွာအုပ်စု၊ ရွှေစည်းခုံ (မက္ခရာ) စေတီတော်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၀င်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၀င်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေးအတွက်ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ဆွေးနွေးပွဲနှင့် နည်းပညာပေး လက်တွေ့သရုပ်ပြသပေးခြ…
Sep 06,2022
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များမှ ယနေ့နံနက် ၉ နာရီက သိုက်ချောင်းကျေးရွာသို့ ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေးပွဲနှင့် တောင်သူများအတွက် အသုံးဝင်မည့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းနှင့် အပင်ကိုင်းကူးကိုင်းဆက်စိုက်ပျိုးနည်း၊ နေဗီယာမြက်စိုက်ပျိုးနည်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများက နည်းပညာပေး သရုပ်ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် ကုန်းကြီးကျေးရွာတွင် သောက်သုံးရေဖူလုံစွာရရှိရေး စက်ရေတွင်း၊ရေစက်ရုံနှင့် စင်မြင့်ရေစင် တည်ဆောက်ပေးခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Sep 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး လိုအပ်ချက်များဖြည့်ဆည်းပေး လျက်ရှိရာ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ကုန်းကြီးကျေးရွာ၌ သောက်သုံရေးဖူလုံစွာရရှိစေရေး စက်ရေတွင်း၊ ရေစက်ရုံနှင့် စင်မြင့်ရေစင် တည်ဆောက်ပေးခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16298
Page
16299
Page
16300
Page
16301
Current page
16302
Page
16303
Page
16304
Page
16305
Page
16306
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department