စဉ့်ကိုင်မြို့နယ် ရွှေစည်းခုံ (မက္ခရာ) စေတီတော်၌ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

စဉ့်ကိုင် စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြိုနယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့နံနက် (၇) နာရီက ဧည့်ပြကျေးရွာအုပ်စု၊ ရွှေစည်းခုံ (မက္ခရာ) စေတီတော်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၀င်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၀င်များ  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့၀င်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးလှ၀င်းတို့က ကြီးကြပ်၍   အရာရှိ/စစ်သည်အင်အား (၈၀)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အင်အား (၄၅) ဦး မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊  မီးသတ်တပ်ဖွဲ့၀င်များ  မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာ ပြည်သူအင်အား(၂၁၈)  ဦး၊  စုစုပေါင်းအင်အား (၃၄၃) ဦး ပူးပေါင်း၍  ရွှေစည်းခုံစေတီအရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက်များတွင် အမှိုက်များ၊ ပေါင်းမြက်များ သစ်ပင်၊  သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ  စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)