အမြို့မြို့အနယ်နယ်သတင်းများ

Sep 06,2022
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ရဲတပ်ဖွဲ့မှ (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇ နာရီအချိန်က ငါန်းဇွန်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ရွှေဘုံသာနဂါးရုံ စေတီတော်ဝန်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 06,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ခူလယ်ကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ရွာသစ်ကြီးကျေးရွာ မိုးကောင်းဘုရား ဓမ္မာရုံတွင် ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
Sep 06,2022
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါနှင့် ပတ်သက်၍  အသိပညာပေး (Talk Show) ကို  Community Centre ခန်းမ လူထုအခြေပြုဗဟိုဌာန၌  ယနေ့၊ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။
Sep 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက် ကလေးငယ်များ အာဟာရပြည့်ဝရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များအတွက် (MCCT) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ကွီးလေးကျေးရွာ တွင် ကျေးရွာအုပ်စုတာဝန် ရှိသူများက လက်ဝယ်အရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၏ ကြီးကြပ်မှုဖြင့် ပဒေသာဈေးအတွင်း ယနေ့နံနက် (၈:၀၀)နာရီက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၊ ဈေးရောင်းချသူများ၊ ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ ဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍ Mask Campaign ပြုလုပ်ကြောင်း သိရသည်။
Sep 06,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ဌာနဆိုင်ရာများပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းနှင့် အားကစားပစ္စည်းထောက်ပံ့ပေးခြင်းကို ယနေ့နံနက် (၁၀)နာရီကချောင်းဆုံမြို့နယ် မုဒွန်း (အ.ထ.က)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
Sep 06,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာ−တရုတ်ကုန်စည် ပြန်လည်စီးဆင်းရာတွင် စနစ်တကျဖြစ်စေရေး၊ ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် နယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲများကို စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 06,2022
စစ်ကိုင်းတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တတိယနေ့ပြိုင်ပွဲများကို စက်တင်ဘာ(၆)ရက်၊ နံနက်(၉)နာရီက စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။