သံတောင်ကြီးမြို့နယ်တွင် ငှက်ပျောပင်များစိုက်ပျိုးခြင်းကြောင့်မိ သားစုအပိုဝင်ငွေရရှိ

သံတောင်ကြီး  စက်တင်ဘာ ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလျက်ရှိရာ   နှစ်တိုပင်ဖြစ်သော    ငှက်ပျောပင်များကိုလည်း  တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြသည်။  ငှက်ပျောပင်များသည် ရာသီမရွေးအသီးသီးကာ နွေရာသီအချိန်တွင်  အသီးများအနည်းငယ်သေးပြီး မိုးရာသီနှင့် ဆောင်းရာသီအချိန်တွင်  အသီးများပိုကြီး ၍    အထွက်နှုန်းကောင်းသည့်အတွက် မိသားစု အပိုဝင်ငွေရရှိကြောင်းသိရသည်။

သံတောင်ကြီးမြို့နယ်တွင်အဓိကစိုက်ပျိုးသောငှက်ပျောသီးအမျိုးအစားများမှာသီးမွှေးငှက်ပျောပင်၊ရွှေနီငှက်ပျောပင်၊ ရွှေဝါငှက်ပျောပင်များဖြစ်ပြီး အဆိုပါငှက်ပျောပင်များ စိုက်ပျိုးပြီး (၈) လခန့်တွင်ငှက် ပျောအဖူးများ စတင်ထွက်ပြီး (၁၀)လခန့်တွင်ဌက်ပျောခိုင်အရင့်များ ဆွတ်ခူးကာ မြို့ပေါ်များသာမ တောင်ငူမြို့ရှိငှက်ပျောသီး အဝယ်တိုင်များထံတွင်တင်ပို့ ရောင်းချကြသည်။

သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမဖြစ်ပွားမီကာလများတွင် ပြည်တွင်းပြည်ပ ခရီးသွားလာမှုများသည့်အတွက် သီးမွှေးငှက် ပျောသီးအကြီးတစ်ဖီးလျှင် ကျပ်(၃၀၀၀)မှကျပ်(၃၅၀၀)အထိ ရရှိသော်လည်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားချိန်နှင့်နောက်ပိုင်းတွင်ခရီးသွားလာမှုနည်းပါးခြင်းကြောင့် ငှက်ပျောသီးအကြီး တစ်ဖီးကိုကျပ် (၁၂၀၀) မှကျပ် (၁၅၀၀) ထိသာရရှိကြောင်း  ငှက်ပျောစိုက်တောင်သူ ဦးကောရှု ထံကသိရသည်။

နော်နော်မူ