ရွှေကျင်မြို့နယ်တွင် လူကုန်ကူးမှုပပျောက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် စာစီစာကုံး ပြိုင်ပွဲ ကျင်းပ

ရွှေကျင် စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုပပျောက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀) နာရီတွင် အ-ထ-က(တပ်နယ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ-ထ-က(တပ်နယ်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝိုင်းစိန်က ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲတွင်ယှဉ်ပြိုင်ရာ၌ အဓိကပါဝင်ရမည့် အချက်များကို ပြောကြားပေးပြီး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍ မြှင့်တင်လုပ်ဆောင်စို့" ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် ရွှေကျင်မြို့နယ် အ-ထ-က(တပ်နယ်)ကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၃၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)