ကမမောင်းမြို့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပလတ်စတစ်အန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

ကမမောင်း စက်တင်ဘာ ၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပလတ်စတစ်အန္တရာယ်အ​ကြောင်း အသိပညာ‌ပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ      ဖာပွန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမ ဒုတိယဦးစီးမှူး ဒေါ်​နန်းခင်ခင်ထွန်းက ပလတ်စတစ်အန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ (အင်အားပြ) ဒေါ်တင်တင်လှက “ပလတ်စတစ်ဆိုတာဘာလဲ၊ ဘယ်​နေရာကရတာလဲ၊ ပလတ်စတစ်ကို တီထွင်ခဲ့သူ၊ ဘာ​ကြောင့်သုံးစွဲကြတာလဲ၊ မျက်​မှောက်ကာလကမ္ဘာ မြန်မာ့ပလတ်စတစ် စွန့်ပစ်အမှိုက်​တွေက ဘာ​တွေကို ထိခိုက်​စေသလဲ၊ ကျန်းမာ​ရေးထိခိုက်မှု၊ တစ်ခါသုံးပလတ်စတစ်များ၏ ဆိုးကျိုးများအ‌ကြောင်း၊ ပလတ်စတစ်အမှိုက်​တွေ လျော့ပါး​အောင်​ဆောင်ရွက်ရမည့် နည်းလမ်းများအ‌ကြောင်း” စသည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။

တင်တင်လှ(ပြန်/ဆက်)