အမြို့မြို့အနယ်နယ်သတင်းများ

Sep 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးအပြင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ငရုတ်စိုက်ဧက (၉၄၄)ဧက  စိုက်ပျိုးထားကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရပြီး ကောင်းတင်ကျေးရွာတွင် စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ အောင်မြင်လျက်ရှိကြောင်း သိရသည်။
Sep 06,2022
  တံတားဦခရိုင် တံတားဦးမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သောအဖြင့်  ယနေ့နံနက်ပိုင်းက တံတားဦးမြို့နယ် သဲမောင်းကန် ကျေးရွာအုပ်စု သဲမောင်းကန်ကျေးရွာ   ကန်သာယာခန်းမအတွင်း၌ မြေပြင်ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရ သည်။
Sep 06,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့၌ တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းက ဘိုးဘွားရိပ်သာခန်းမ၌ ကျင်းပသည်။
Sep 06,2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် အခြေခံစာရေး(ရုံးလုပ်ငန်း)သင်တန်း အမှတ်စဉ် (၁၂/၂၀၂၂)နှင့် လျှပ်စစ်အခြေခံသင်တန်း အမှတ်စဉ် (၃၄/၂၀၂၂)တို့၏ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်း ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Sep 06,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျေးရွာပေါင်း (၃၀၀)ကျော်တွင် ကျေးရွာ ပေါင်း(၁၅၀)ခန့်သာ လျှပ်စစ်မီးရရှိလျက်ရှိပြီး ကျေးရွာများ လျှပ်စစ်မီးရရှိပါက မြို့ပေါ်ဒေသများနည်းတူ သုံးစွဲနိုင်မှသာလျှင် အသေးစားလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်နိုင်ရေး မြို့နယ်လျှပ်စစ်ဌာနနှင့် ကျေးရွာ ပူးပေါင်း၍ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခဲ့သော ဖြူးမြို့နယ်၊ကညွတ်ကွင်းမြို့၊ လက်တတ်ကြီး ကျေးရွာအုပ်စု၊ လက်တတ်ကြီး(ဗမာ)ကျေးရွာတွင် NEP Phase-II အစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပြီးစီးခဲ့ရာ စက်တင်ဘာလ ပထမအပတ်က စတင်ကာ လျှပ်စစ်မီးရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
Sep 06,2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်စွယ်စုံ ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 06,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးလက် တောရွာနေ ပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ချောင်းကောက်ကျေးရွာသို့ ‌သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 06,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာများက ယမန်နေ့နံနက်ပိုင်းက ကြို့ပင်သာကျေးရွာအုပ်စု၊ လက်ပံပါးပျဉ်းကျေးရွာသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။