အမြို့မြို့အနယ်နယ်သတင်းများ

Sep 06,2022
ရခိုင်ပြည်နယ် ဂွမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာ ရုံးများသို့ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေးလုပ်ငန်းမှ ဝန်ထမ်းများက ယနေ့၊ နေ့လည်ပိုင်းက စဉ်ဆက်မပြတ်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအား တတိယအကြိမ် (Booster Dose) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိသည်။
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် စီမံကိန်းလုပ်ငန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Sep 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ရပ်ကွက်များရှိ အသက်(၂)လမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးနေကြောင်း သိရသည်။
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက် ရုံးကြီးကွက်သစ် (၂)လမ်းထိပ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 06,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက်(၉;၃၀)နာရီက ဒရယ်ကျေးရွာ ဓမ္မာရုံသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
Sep 06,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဖြူးပေးအပ်သော ဓာတ်မြေသြဇာများအား ပန်းတောင်းမြို့နယ် ဓာတ်မြေသြဇာ ဝယ်ယူသယ်ဆောင် ဖြန့်ဖြူးရောင်းချရေး ကော်မတီမှ တောင်သူများသို့ ထပ်ဆင့်ဖြန့်ဖြူးရောင်းချပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့ အမှတ်(၂)ရပ်ကွက် ကန်လေးလုံး ဘုန်းတော်ကြီးကျောင်းတိုက်အနီးတွင် ယနေ့ နံနက်ပိုင်းက ဆန်၊ ဆီ၊ ဆားနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများကို အမှတ် (၁/၂)ရပ်ကွက်နေ ပြည်သူများအား သက်သာသော ဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။