ဝါးခယ်မမြို့နယ် အ.ထ.က(ခွဲ) ကျန်းမာကုန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ပြသ

ဝါးခယ်မ စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က(ခွဲ) ကျန်းမာကုန်း ကျောင်း၌ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက် နံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ခင်းကျင်းပြသရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများ၊ လူကုန်ကူးမှုတားဆီး၊ ကာကွယ်ရေး အသိပညာပေးအကြောင်းအရာများ၊ မူးယစ်ဆေးဝါး အန္တရာယ်ကင်းစင်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ပြသဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစစား လေ့လာကြည့်ရှုခဲ့‌ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်များအား လေ့လာမှတ်သား ဖတ်ရှု‌စေခြင်းဖြင့် အချင်းချင်း အပြန်အလှန် ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)