ကျောင်းကုန်းမြို့နယ်၌ ပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေပေး

ကျောင်းကုန်း စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့မဈေးအနီးလမ်းဆုံ၌ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ နှာခေါင်းစည်း ဖြန့်ဝေပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်တို့ကြီးကြပ်ကာ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ အမျိုးရေးရာအဖွဲ့များက ဒေသခံပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခဲ့ကြသည်။

ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါပိုး တွေ့ရှိမှု မရှိသည်မှာ ကြာမြင့် လာပြီဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ တွေ့ရှိမှုသည် စင်တင်ဘာလ (၆)ရက်နေ့ သတင်းအရ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ(၁.၅၅)% ရှိလာပြီဖြစ်ရာ မပေါ့ဆကြပဲ လူစည်ကားရာနေရာသို့သွားလျှင် နှာခေါင်းစည်း mask ကိုတပ်ဆင်ကြ စေရန် ယခုလို ဒေသခံပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)