မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး လူထုတွေ့ဆုံပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းကိုင် စက်တင်ဘာ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း  ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ  ပူးပေါင်းအဖွဲ့တို့သည်  ယနေ့ မနက်ပိုင်းက   ပန်ကေတုကျေးရွာအုပ်စု  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ  ဆောင်ရွက်ရန်အတွက်  ပန်ကေတုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံပွဲ ကွင်း ဆင်းဆောင်ရွက်ခဲ့သည်။

တွေ့ဆုံပွဲတွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်စိုးဦးက ကျေးရွာ အုပ်စုအတွင်း ကျေးရွာများတွင်  လိုအပ်လျက်ရှိသော  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာမြေကိစ္စ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးမှု အခြေအနေ၊ ကျေးရွာ၏ အခက်အခဲများကို  တင်ပြကြရန်နှင့် ကျေးရွာလိုအပ်ချက်များအား ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရန် အတွက် ကျေးလက်နေပြည်သူများနှင့်  ကွင်းဆင်း၍  တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း  အဖွင့်အမှာစကားပြောကြားရာ ပန်ကေတုကျေးရွာ အုပ်စုအတွင်းရှိ  ကျေးရွာ ၁၀ ရွာမှ ကျေးရွာကိုယ်စား လှယ်များက မိမိတို့ကျေးရွာအတွင်း လမ်းပမ်းဆက် သွယ်ရေးအခက်အခဲ၊ အခြေခံပညာကျောင်းများတွင် ဆရာ/မလိုအပ်ချက်၊ ကျောင်းအဆောက်အဦးနှင့် ကျောင်းခြံစည်းရိုးလိုအပ်ချက်၊ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိရေး၊ လျှပ်စစ်မီးလင်းရေးကိစ္စများကို ဆွေးတင်ပြကြရာ  ဌာနဆိုင်ရာ တာဝန်ရှိသူများက  ယခုဘဏ္ဍာရေးနှစ်တွင် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများ၊ နောက်လာမည့် ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းတွက်ချက် တင်ပြနိုင်ရေးလုပ်ငန်းများကို အသီးသီးပြန်လည်ဆွေးနွေးကာ  ဆုံးဖြတ်ချက်များချမှတ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်