ပိုင်ကျုံမြို့နယ်အတွင်းရှိကျေးရွာအုပ်စုများ၌ ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက် (၂) နှစ်‌အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်

ပိုင်ကျုံ  စက်တင်ဘာ  ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်(ဧပြီ၊မေ၊ဇွန်)လအတွက် MCCT အကျိုးခံစားခွင့်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းလုပ်ငန်းကို  ယ‌နေ့နံနက်ပိုင်းက  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် (ဧပြီ၊မေ၊ဇွန်) လအတွင်း MCCT  အကျိုးခံစားခွင့်ရှိသူ နောင်ဘိုကြီး‌ကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်(၁၈)ဦး၊ ကလေး(၁၂၁)ဦး၊ နောင်ခွီး‌ကျေးရွာအုပ်စုတွင်  ကိုယ်ဝန်‌ဆောင်မိခင်(၄၂)ဦး၊  ကလေး (၁၃၇)ဦးနှင့်  ပေါက်လောက်ကျေးရွာအုပ်စုတွင်  ကိုယ်ဝန်‌ဆောင်မိခင်(၁၄)ဦး၊ ကလေး(၇၁)ဦး စစုစုပေါင်း(၄၀၃)ဦး အတွက်ထောက်ပံ့င (၁၇,၄၈၀,၀၀၀) ကျပ်ကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများတို့က  ထောက်ပံငွေရရှိသူများထံ  လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများကို  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နိုင်ငံအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသောကလေးငယ်များအား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာရရှိရန် ရည်ရွယ်ချက်ဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)