ကျွန်းစု စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၈)နှစ်အထိ ကျောင်း သား၊ကျောင်းသူများအား ယမန်နေ့နံနက်(၉)နာရီအချိန်က အ.ထ.က-ကျွန်းစုကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)အားလည်း ကောင်း၊ အသက်(၁၂)နှစ်မှ(၁၈)နှစ်အထိကျောင်းသား၊ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Myanopharm)ကို ထိုးနှံပေးခြင်းအား ပညာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်