အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2022
၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ချင်းပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုအလှယာဥ်နှင့် ဂုဏ်ပြု အကအဖွဲ့ ဂုဏ်ပြုဖျော်ဖြေနိုင်ရေး ပထမအကြိမ် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
Sep 15,2022
ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးစေရေးအတွက် ယနေ့ နံနက် ၈ နာရီခွဲအချိန်က မြို့မလမ်း၊ ရွှေချောင်းတံတားထိပ်နှင့်ပြည်သာယာခန်းမရှေ့တို့တွင် Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Sep 15,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ယနေ့နံနက် (၈:၃၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံးတွင် အခြေခံစားသောက်ကုန်များအား ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Sep 15,2022
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စက်တင်ဘာ  (၁၅) ရက်နံနက်က၊ ကမာမိုကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Sep 15,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)တွင် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၁၀ နာရီ ၄၅ အချိန်က မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ သက်ငယ်မုဒိမ်းမှုပပျောက်ရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
Sep 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်
Sep 15,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဒေသတွင်း အခြေခံလက်လုပ်လက်စားပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေနိုင်ရေးအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ သထုံတပ်နယ်မှ ဦးစီး၍ အခြေခံစားသောက်ကုန်များကို သက်သာသော နှုန်းထားဖြင့် ယနေ့ နံနက်ပိုင်းက သထုံမြို့၊ ရွှေစာရံစေတီတော်အနောက်ဖက်မုခ်အနီးရှိ ယာဉ်ရပ်နားကွင်း၌ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
Sep 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမတွင် ယနေ့နံနက် (၉:၀၀)နာရီ၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။