တောင်ဥက္ကလာပ စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ယနေ့နံနက် (၈:၃၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အခြေခံစားသောက်ကုန်များအား ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့သို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၆၀၀ကျပ်၊ စားဆီ တစ်ပိဿာလျှင် ၄၈၀၀ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅ကျပ် နှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါရောင်းချမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာဦးစီးဌာန၊ အမှတ်(၁၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ကြောင်း သိရသည်။
စိုးဝဏ္ဏထွန်း (ပြန်/ဆက်)