သာကေတမြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

သာကေတ   စက်တင်ဘာ   ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမတွင် ယနေ့နံနက် (:၀၀)နာရီ၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ် လက်ထောက်ပညာရေးမှူး ဦးအောင်ထွန်းမှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်လက်ထောက်ကျန်းမာရေးမှူး ဒေါက်တာအေးသီခိုင်မှ ကျောင်းကျန်းမာရေး မှတ်တမ်းကတ်အသုံးပြုခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ အမှတ်(၁၆) အခြေခံပညာမူလတန်းကျောင်းအုပ် ဆရာမ ဒေါ်စန်းစန်းလှိုင်မှ ကျေးဇူးတင်စကားပြောကြားပြီးကြောင်း သိရသည်။

အဆိုပါကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုမှုသင်တန်းတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ သူနာပြုအဆင့် () ဒေါ်မြတ်မျိုးမြင့်မှ ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်း ကတ်တွင် ဖြည့်သွင်းရမည့် အချက်များ၊ သတိပြုရမည့်အချက်များ၊ ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ်သည် KG အဆင့် ကျောင်းသား၊ ကျောင်းသူများသာ ရည်ညွှန်း၍ အကျုံးဝင်သည့် အချက်များကို နေ့လယ် (၁၂:၀၀)နာရီ အထိ ပို့ချခဲ့သည်။

မြို့နယ်အဆင့် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုနည်း()ရက် သင်တန်း အားအခြေခံပညာမူလတန်းကျောင်း (၄၆)ကျောင်း၊ အလယ်တန်း () ကျောင်း၊ အထက်တန်း ()ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ()ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း () ကျောင်းရှိ တာဝန်ခံ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)