Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း (Booster Dose)ထိုးနှံနေမှုအား ကြ…
Sep 15,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ရေတပ်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း (Booster Dose) ထိုးနှံနေမှုအား သွားရောက်ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ် ရှမ်းကွင်းကြီးကျေးရွာ အလယ်တန်းကျောင်းတွင် လူငယ်အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ် စာစောင်ပြသ
Sep 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို စက်တင်ဘာလ(၁၅)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာအုပ်စု၊ ရှမ်းကွင်းကြီးကျေးရွာ အလယ်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်
Sep 15,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်ပိုင်း က မိုးမခကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်၁၉-ရော ဂါ ကာကွယ်ရေး အသိပညာပေးဟောပြော
Sep 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းတည့် (၁၂)နာရီ က ဗိုလ်တထောင်မြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း သီရိမာလာခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster)ထိုးနှံပေး
Sep 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် အရှိန်အဟုန်မပျက် ထိုးနှံပေးလျက်ရှိရာ “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်အတွင်းရှိ ကံပြားကျေးရွာကန်နှင့် နွယ်တမယ်ချောင်းတံတားစလင်းချောင်းမှ ဧရာဝတီမြစ်အတွင်းသို့ ငါးကောင်ရေ (၃၆၅၀၀၀) အကောင်ရေစိုက်ထည့်ခြင်း အခမ်းအနား
Sep 15,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ပွင့်ဖြူမြို့နယ်ရုံးမှ မြစ်၊ ချောင်း၊ တမံအတွင်း ငါးမျိုးစုံစိုက်ထည့်ခြင်းကို မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ စလင်းမြို့နယ်ရုံးမှ ကန်ပြားကျေးရွာကန်နှင့် စလင်းနွယ်တမယ် ချောင်းအတွင်းမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ စက်တင်ဘာ ၁၅ ရက် နံနက် ၈ နာရီ ၃၀အချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မံစီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ
Sep 15,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့နံနက် ၇ နာရီက မြို့နယ်ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများကို နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေကာ အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16020
Page
16021
Page
16022
Page
16023
Current page
16024
Page
16025
Page
16026
Page
16027
Page
16028
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department