အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၁၀) အချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးများသို့   မြို့နယ်ရုံးဝန်ထမ်းများက သွားရောက်ငှားရမ်းပေးခဲ့​သည်။
Sep 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထက-လေးမျက်နှာ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
Sep 15,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကလေးအလုပ်သမားပ‌ပျောက်ရေး  အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Sep 15,2022
ကယားပြည်နယ် ရဲတပ်ဖွဲ့မှဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့တွင်ကျရောက်မည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ခုတင် (၅၀၀) ဆံ့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ ယနေ့နံနက် ၉ နာရီအချိန် က ပြုလုပ်ခဲ့သည်။
Sep 15,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များလှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ရှမ်းကြေးရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (တပ်နယ်)သို့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
Sep 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)များ Software Program ဖြင့် Database ထည့်သွင်းဆောင်ရွက်နေမှု လုပ်ငန်းများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ယနေ့ စက်တင်ဘာလ ၁၅ နေ့ နံနက် ၉ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြရာ လျာထားချက်အတိုင်း အချိန်မီပြီးစီးရေးကို နေ့စဉ် Software Program ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား အသေးစိတ် ရှင်းလင်းခဲ့သည်။
Sep 15,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ မြို့သစ်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ပုလင်းကျေးရွာအနီးရှိ သဘာ၀ရေပြင်ဖြစ်သော ပုလင်းချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 15,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်နေပြည်သူများ စားစရိတ် သက်သာစေရန် ရည်ရွယ်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စေတနာရှင်၊ အလှူရှင်များ စုပေါင်း၍ ဆင်းသုခဆန် တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချပေး လျက်ရှိသည်။