နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးအတွက် (Mask Campaign) ပြုလုပ် 

 နမ့်ခမ်း စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးအတွက် နှာခေါင်းစည်း(Mask Campaign) ပြုလုပ် ခြင်းကို ယနေ့ နံနက် ()နာရီအချိန်က နမ့်ခမ်းမြို့အဝင်နှင့် အမှတ်() အခြေခံပညာအထက်တန်း ကျောင်း၌ နှာခေါင်း စည်း(Mask)များ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ နေ့စဉ်ထုတ်ပြန်သည့်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အတည်ပြုလူနာများ ပြန်လည်တိုးပွားလာသည့်အတွက် နမ့်ခမ်းမြို့နယ် အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးကို ယနေ့နံနက်()နာရီအချိန် မြို့အဝင် မူဆယ်-နမ့်ခမ်း ပြည်ထောင်စု လမ်းမကြီး၌ မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသည့် ပြည်သူများနှင့် အမှတ်(၂)၊ အခြေခံပညာ အထက်တန်းကျောင်းမှ ပညာသင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူများအား နှားခေါင်း စည်း(Mask)များ သွားရောက်ဖြန့် ဝေပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် နှာခေါင်းစည်း(Mask Campaign) ပြုလုပ်ခြင်းကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် NMBG လူမှုကူညီရေးအသင်းတို့က ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘဦး(နမ့်ခမ်း)