အုတ်ဖို စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)တွင် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၁၀ နာရီ ၄၅ အချိန်က မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ သက်ငယ်မုဒိမ်းမှုပပျောက်ရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးမင်းထက်က ကျောင်းသား၊ ကျောင်းသူများ သက်ငယ်မုဒိမ်းမှုအန္တရာယ်မှ ရှောင်ရှားနိုင်စေရန် ကလေးငယ်များနှင့် အုပ်ထိန်းသူမိဘများသတိပြုရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြောကြားခဲ့သည့်အချက်များအား မှတ်မိသိရှိပြီး ပြန်လည်ပြောကြားနိုင်သည့် ကလေးငယ်(၃)ဦးအား အသီးသီးဆုချီးမြှင့်ကာ သက်ဆိုင်ရာကျောင်းများမှ ဆရာ၊ ဆရာမအား သက်ငယ်မုဒိမ်းမှုအသိပညာပေးစာအုပ်များနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်သူ