အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းနေကြာစိုက်ပျိုးသည့် ကျေးရွာအုပ်စုများအား တောင်သူပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
Sep 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်ရှိ ပညာဂုဏ်ရည် ခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်၌ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ် ပညာသင်တန်း (၈/၂၂) ဖွင့်ပွဲ ကျင်းပသည်။
Sep 15,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက်   ဂျပနဦးနှောက်ရောင်ရောဂါကာကွယ်ဆေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ထိုးနှံပေးလျက်ရှိ​ကြောင်း
Sep 15,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့အမှတ် (၅) မြို့မအခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူး‌ရကျောင်းသား၊ ကျောင်းသူများ အား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက  မြို့မအခြေခံပညာ အထက်တန်းကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
Sep 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် (Mask Campaign)နှင့် အသိပညာပေးလက်ကမ်း စာစောင်များဖြန့်​​ဝေခြင်းကို စက်တင်ဘာလ(၁၅)ရက်နေ့ နံနက်(၈)နာရီ အချိန်က တမူးမြို့ မြို့မစည်ပင်သာယာ​စျေးနှင့် တမူး- ဟဲဇင်းကျေးရွာသွား လမ်းဆုံတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 15,2022
ပင်လုံမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်၉ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Sep 15,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကယားပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်း၊ အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Sep 15,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။