အမြို့မြို့အနယ်နယ်သတင်းများ

May 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ နလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်စာပေဝါသနာရှင်များနှင့် (Youth Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာမြင်းခြံ‌ကျော်အောင်ရေးသားသည့် “‌ကျန်းမာချမ်းသာအောင်ဘယ်လိုလုပ်မလဲ” စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀) နာရီအချိန်စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
May 20,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၅ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းကစတင်၍ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများ လယ်ဝယ်အရောက် စနစ်တကျ ထုတ်ချေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 20,2025
၂၀၂၅ ခုနှစ် ဇွန် ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ယမန်နေ့မွန်းတည့် ၁၂ နာရီက ကန့်ဘလူမြို့ မြို့တော်ခန်းမရှေ့နှင့် အ.ထ.က(၁) ကန့်ဘလူကျောင်းရှေ့တို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာက ဦးဆောင်၍ တာဝန်ရှိသူများနှင့်အတူ စိုက်ထူခဲ့ကြောင်း သိရသည်။
May 20,2025
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေအတွက် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ယမန်နေ့မွန်းတည့်(၁၁)နာရီအချိန်က အဆိုပါရုံး၌ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
May 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံပိုးကူညီမှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အတတ်ပညာရှင်တို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအိမ်တွင်းလက်မှုချည်ထိုးနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
May 20,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကလောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၅ အုပ်စုနှင့် ပင်လောင်းမြို့ကျေးရွာအုပ်စု ၆ အုပ်စုရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၅ ခုနှစ် မိုးစပါးနှင့်အခြားသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
May 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက် (၇) အချိန်က အခြေခံပညာအထက်တန်းကျောင်း များတွင် ဆောင်ရွက်ခဲ့သည်။
May 20,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့်စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ သန်းထွန်း(စကု) ရေးသားသော “အရှက်နှင့် ကိုယ်ကျင့်သိက္ခာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။