အမြို့မြို့အနယ်နယ်သတင်းများ

Jan 09,2026
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ မဲရုံများအနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယနေ့နံနက် ၁၀ နာရီက မီးဘေးလုံခြုံရေး စစ်ဆေးခဲ့ကြသည်။
Jan 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့‌၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကိုယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါကျောင်းရှိ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
Jan 09,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ကျိုင်းတုံ)၌ ကျင်းပခဲ့သည်။
Jan 09,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ 58 လမ်း၊ 62 လမ်းတစ်လျှောက် လူစည်ကားရာ‌နေရာများ၊ မီးပွိုင့်များတွင် လမ်းသွားလမ်းလာပြည်သူများကို ဒို့အတူတူမဲပေးကြစို့ LED ပိုစတာကြော်ငြာဘုတ်ကားဖြင့် လှည့်လည်ပြသခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
Jan 09,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပမည့် မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုအား ယမန်နေ့ နေ့လယ် ၁ နာရီက ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
Jan 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၌ ရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊လုံခြုံ‌ရေးတပ်ဖွဲ့များနှင့် နိုင်ငံ့တာဝန်ဖြင့်ခရီးသွားရန် ရှိသူများအား ဇန်နဝါရီ ၁ ရက်နေ့မှ ၁၀ ရက်နေ့ထိ သက်ဆိုင်ရာရပ်ကွက်ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 09,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သဇင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
Jan 09,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများမဲပေးရာတွင် လွယ်ကူချောမွေ့စွာ မဲပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြသည်။