ဆင်ပေါင်ဝဲ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပမည့် မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုအား ယမန်နေ့ နေ့လယ် ၁ နာရီက ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုရှိ မဲရုံများအား ကွင်းဆင်းကြည့်ရှုကာ ကြိုတင်ပြင်ဆင်ထားရှိမှုအား စစ်ဆေး၍ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် နေမပူစေရန်၊ နားနေရန်၊ အမိုးအကာများ၊ ထိုင်ခုံများ ဆောင်ရွက်ထားရှိခြင်း၊ သောက်သုံးရေ/ အချိုရည်နှင့် မုန့်များအား စီစဥ်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုပြီး ပြည်သူများ အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)