ကျိုင်းတုံ ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ကျိုင်းတုံ)၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ကျိုင်းတုံမြိုနယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတင့်နိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ လူနေအိမ်များတွင်ဖြစ်တတ်သည့် မီးဘေးအန္တရာယ်များ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်သင့်သည့်အချက်များ စသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ သင်တန်းသူများအား အသိပညာပေးဟောပြောပြီး မီးသတ်ဆေးဘူးများကို လက်တွေ့အသုံးပြု၍ စနစ်တကျမီးငြှိမ်းသတ်ခြင်းတွင် ကျောင်းသား၊ သင်တန်းသူများနှင့်အတူ ပူးပေါင်းလုပ်ဆောင် လေ့ကျင့်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)