အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2026
ကိုကိုးကျွန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ခင်းကျင်းပြင်ဆင်ထားရှိမှုအား ယမန်နေ့ နေ့လယ် (၂) နာရီအချိန်တွင် သန်လျင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းမှ မဲရုံများပြင်ဆင်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။
Jan 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
Jan 10,2026
ကယားပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့်နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့်ဒေသနေပြည်သူများနှင့်ဝန်ထမ်းများအတွက် တန်ဖိုးသင့်အိမ်ရာများလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၉ ရက်က လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။
Jan 10,2026
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မဲရုံများ ပြင်ဆင်ထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
Jan 10,2026
မန္တလေးတိုင်းဒသကြီး ကျောက်ပန်တောင်းမြို့နယ်၌ ဇန်နဝါရီ ၁၁ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲရုံများတွင် အသုံပြုရန်အတွက် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၂ နာရီက အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) ရှိ WORKSHOP အဆောက်အအုံတွင် ဆက်လက်ထုတ်ပေးလျက်ရှိသည်။
Jan 10,2026
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ ပြည်ထောင်စု‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းနှင့်အဖွဲ့ဝင်များ ဇန်နဝါရီ (၉)ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Jan 10,2026
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ကျောက်တန်း(၁)(၂) ဆည်တည်ဆောက်ရာတွင် ပါဝင်သွားသည့် လယ်မြေများအတွက် မြေယာလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၈ ရက်းက ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Jan 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဇန်နဝါရီ ၇ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မဲရုံများသို့ ရောက်ရှိခဲ့ပြီး ပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။