အမြို့မြို့အနယ်နယ်သတင်းများ

May 20,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်(စ)တွင်ပင်လယ်ကမ်းရိုးတန်းရှိ တိုင်းဒေသကြီး/ပြည်နယ် များတွင် အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်း ကောက်ယူခြင်းဆိုင်ရာလမ်းညွှန်စာအုပ်အားအသုံးပြု၍ အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်းကောက်ယူခြင်းကို မေလ ၁၈ ရက်နေ့က  ပထမအကြိမ် ထားဝယ်မြစ် ကမ်းနား လမ်းဘေးရှိပြည်သူ့အပန်းဖြေရင်ပြင်နှင့် ထားဝယ်မြစ်ဒီရေကျချိန်တွင် ဆောင်ရွက်ခဲ့ကြသည်။
May 20,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင်ရေးအတွက် “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့ နံနက်ပိုင်း ၈ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ကျင်းပခဲ့သည်။
May 20,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် ၈နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
May 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် လူထုအ​​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်​နေ့နံနက် (၁၀:၀၀)နာရီအချိန်က စာအုပ်စာ​စောင်ချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြာင်းသိရသည်။
May 20,2025
မန္တလေးတက္ကသိုလ်ရာပြည့်သဘင်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၉ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ မန္တလေးတက္ကသိုလ်ကျောင်းသားဟောင်းများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
May 20,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ နေထိုင်ကြသော ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတပိုမိုရရှိစေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပထမနိမ္မိတ သပိတ်မြတ်ဘုရားတောင်ပေါ်ရှိ အောင်ဇမ္ဗူလောင်းဓမ္မာရုံတွင် ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 20,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများ၊ ကလေးသူငယ်များအား Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ လက်ဝယ်အရောက် အခမဲ့ကွင်းဆင်းငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်က အမှတ်(၂)ရပ်ကွက်သို့ သွားရောက်၍ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
May 20,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက (ဒုတိယ)အကြိမ် မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်း၌ သွားရောက်ထိုးနှံပေးခဲ့သည်။