အမြို့မြို့အနယ်နယ်သတင်းများ

May 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ သဘာ၀ဘောအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲကို မေ ၁၈ ရက်နေ့ နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
May 20,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ Fitness Dance ပြိုင်ပွဲကို ယနေ့နေ့နံနက် ၉ နာရီက သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
May 20,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းခရိုင်/မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည် မြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
May 20,2025
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။
May 20,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင် ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီအချိန်မှ စတင်၍ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည့် ငလျင်ဘေးသင့်ပြည်သူများအား စားသုံးကုန်ပစ္စည်းများ ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 20,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ဆိုလာမြစ်ရေတင်ဖြင့် နွေစပါး ၁၀၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများထံက သိရသည်။
May 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အောက်ပုဇွန် တောင်လမ်းရှိ ထာဝရဆွမ်းလောင်းအသင်းဓမ္မာရုံ၌ မေလ ၁၈ ရက်နေ့ ညနေ ၄ နာရီက ပထမ အကြိမ်မြောက်  ထာဝရဆွမ်းလောင်းအသင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
May 20,2025
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ တုန့်ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများအနေဖြင့် ပုသိမ်ကြီးမြို့နယ်ရှိ ငလျင်ဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ် ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ပုသိမ်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ဆောင်ရွက်သည်။