ငပုတော ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကိုယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါကျောင်းရှိ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းအောင်က မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်၊ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရမည့် အချက်များ၊ မီးသတ်ဆေးဗူး၏အချက်အလက်များနှင့် အသုံးပြုပုံတို့ကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းပြောကြားခဲ့ပြီး မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံ ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းအောင်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက၊ ကျောင်းသား၊ ကျောင်းသူများအား ကိုယ်တိုင်မီးငြိမ်းသတ်နိုင်ရေး မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)