အမြို့မြို့အနယ်နယ်သတင်းများ

Jan 09,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စုရှိ နားခံအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို အဆိုပါကျောင်းခန်းမနေရာ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းတေးသီးချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
Jan 09,2026
ကရင်ပြည်နယ်၊ မြဝတီမြို့ ကျက်သရေဆောင် ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်၌ (၄၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဇန်နဝါရီလ (၁) ရက်နေ့မှ (၉) ရက်နေ့အထိ ရွတ်ဖတ်ပူဇော်ခဲ့သည့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ရွှေမြင်းဝန်စေတီတော်၏ မြောက်ဘက်မုဒ်မဟာမြတ်မုနိစေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့သည်။
Jan 09,2026
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကျင်းပမည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်တို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
Jan 09,2026
‎‎မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်း စာစောင်များကို ယ‌နေ့နံနက်ပိုင်းက ကံလှဈေး၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jan 09,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့နံနက် (၉)နာရီက ရပ်ကျေးကော်မရှင်အဖွဲ့ခွဲမှ အမှတ်(၁၊ ၂)ရပ်ကွက်နေပြည်သူများထံ Voter Slip များအား ထုတ်ပေးလျက်ရှိသည်။
Jan 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့် မဲရုံများအတွက် မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက မဲရုံတာဝန်ရှိသူများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စနစ်တကျထုတ်‌ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Jan 09,2026
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များကို ယမန်နေ့ နံနက်က တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရပ်ကွက်/ကျေးရွာများအား စတင်ထုတ်ပေးနေကြောင်း သိရသည်။
Jan 09,2026
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။